လျှပ်စစ်နည်းပညာသင်တန်း
Generation, Transmission and Distribution ဘာသာရပ်ကိုသင်ကြားပေးခြင်းဖြင့် လူ့အဖွဲ့အစည်း၏ အနာဂတ်လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးနိုင်စေရန်၊ Electrical Wiring Design and Illumination ဘာသာရပ်ကို ကျွမ်းကျင်စွာတတ်မြောက်စေခြင်းဖြင့် စက်ရုံအလုပ်ရုံများ၊ နေအိမ်အဆောက်အအုံများအတွက် Estimate တွက်ထုတ်ပေးခြင်း၊ Wiring Installation အပိုင်းကိုလှပသေသပ်စွာဖန်တီးပေးနိုင်ရန်၊ Industrial Motor Control နှင့် Programmable Logic Control စသည့်ခေတ်မှီနည်းပညာဘာသာရပ်များကို သင်ယူခြင်းဖြင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်စေရန်၊ စက်ရုံအလုပ်ရုံများ၊ လူမှုအဖွဲ့အစည်းများနှင့်ဆက်စပ်၍ နည်းပညာဆိုင်ရာဘာသာရပ်များကို တတ်မြောက်စေခြင်းဖြင့် အရည်ချင်းပြည့်မှီသော လျှပ်စစ်အင်ဂျင်နီယာတစ်ယောက်ဖြစ်စေရန်ရည်ရွယ်ပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်
၇။GTE-102 အခြေခံနည်းပညာ
၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ
ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။စာရိတ္တနှင့်ပြည်သူ့နီတိ
၇။ET 201 Basic Electrical Drawing
၈။ET 202 Electrical Engineering Principal
၉။ET 203 Electrical Installation
တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)
၅။ET 302 Industrial Electric Motor Control
၆။ET 303 Electrical Machines
ပေးအပ်မည့်certificate
GTHS Certificate(Electrical Technology)
|
ကျောင်းဝင်ခွင့်သတ်မှတ်ချက်
အခြေခံပညာစနစ်သစ် KG+12 မှ Grade -9 အောင်မြင် ပြီးသူ |
အလုပ်အကိုင်အခွင့်အလမ်း
သင်တန်းပြီးမြောက်သည့်နောက် တိုးတက် လာသော နည်းပညာသစ်များနှင့် အညီ တည်ဆောက် ထားသော စက်ရုံ အလုပ် ရုံ များတွင် wiring installation အပိုင်း၊ Industrial motor control အပိုင်း နှင့် PLC များကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည့် အကျိုးကျေးဇူးများကိုရရှိစေပါမည်။ |
လက်တွေ့ဆောင်ရွက်နေမှုမှတ်တမ်းဓာတ်ပုံများ
















