သင်ကြားပေးလျက်ရှိသောသင်တန်းများ
ပုံမှန်သင်တန်းများ
(က) | ကျန်းမာရေးကောင်းမွန်ကြောာင်းထောက်ခံစာကို မြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း | |
(ခ) | (ခ-၁) | သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ အခြေခံပညာအလယ်တန်းအဆင့်(Grade 9) အောင်မြင်ကြောင်းထောက်ခံစာ။ |
(ခ-၂) | သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ အခြေခံပညာ အလယ်တန်းအဆင့်(Grade 9) အောင်မြင်ကြောင်းထောက်ခံစာ။ | |
(ခ-၃) | သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ Grade 10 အောင်မြင်ကြောင်း (သို့မဟုတ်) Grade 10 ကျရှုံးကြောင်း (သို့မဟုတ်) ရပ်နားထားကြောင်း ထောက်ခံစာ။ | |
(ဂ) | လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်း ဇယား(မိတ္တူ) (တိုက်ဆိုင်စစ်ဆေးရန် မူရင်းယူဆောင်လာ ရမည်)။ | |
(ဃ) | ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရာဒေသ သက်ဆိုင်ရာ နယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်း | |
(င) | ပတ်စပို့အရွယ်ရောင်စုံဓါတ်ပုံ(၃)ပုံ။ |
အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ) သို့တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများသည် အင်ဂျင်နီယာကောင်းများဖြစ်စေရေးအတွက် အောက်ဖော်ပြပါစည်းကမ်းချက်များအတိုင်း လိုက်နာရမည်။
စဉ် | ကျောင်းသား/ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ |
၁။ | ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကိုနှောင့်ယှက်ခြင်း၊ ထိခိုက်နစ်နာအောင်ပြောဆိုခြင်းစသည်တို့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မပြုလုပ်ရ။ |
၂။ | ကျောင်းတွင်းနှင့် ကျောင်းပြင်တွင် လောင်းကစားပြုလုပ်ခြင်းနှင့် အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းလုံးဝမပြုလုပ်ရ။ |
၃။ | ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းဝန်ထမ်းများနှင့် ကျောင်းအား ထိခိုက်နစ်နာ စေမည့်လုပ်ဆောင်ခြင်းများ မပြုလုပ်ရ။ ဆရာ/ဆရာမများ၏ ပြောဆိုဆုံးမခြင်းကိုနာခံရမည်။ |
၄။ | ကျောင်းတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် အမျိုးသမီးများအား ထိခိုက်နစ်နာစေမည့် ပြောဆိုနောက်ပြောင်ပြုမူခြင်းများ မပြုလုပ်ရ။ |
၅။ | သူတစ်ပါးပစ္စည်းနှင့် ကျောင်းတွင်းနိုင်ငံပိုင်ပစ္စည်းများကို ဖျက်ဆီးခိုးယူခြင်းမပြုလုပ်ရ။ |
၆။ | ကျောင်းနံရံနှင့် ကျောင်းကြော်ငြာသင်ပုန်း စာသင်ခုံများ၊ Whiteboard တို့တွင်သက်ဆိုင်ရာ ခွင့်ပြုချက်မရရှိဘဲ မည်သည့်စာရွက်စာတမ်းကိုမှ ကပ်ခြင်း၊ ရေးခြစ်ခြင်း မပြုရ။ |
၇။ | စာသင်ခန်းအတွင်းရှိ စားပွဲ၊ ကုလားထိုင်များအား စာသင်ခန်းပြင်ပသို့ ထုတ်ယူသုံးစွဲခြင်း မပြုရ။ |
၈။ | အန္တရာယ်ဖြစ်စေသော မည်သည့်လက်နက်ပစ္စည်းကိုမှ ကျောင်းတွင်းသို့ မယူရ။ |
၉။ | ကျောင်းတွင်း ကျောင်းပြင်၌ ကျောင်းသား/ ကျောင်းသူ အချင်းချင်းသော်လည်းကောင်း၊ ပြင်ပမှတစ်ဦးတစ်ယောက်ဖြင့်သော်လည်းကောင်း ခိုက်ရန်မဖြစ်ပွားရ။ |
၁၀။ | ဤအစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)သို့ တက်ရောက်နေစဉ်အတွင်း ကျောင်းသား/ကျောင်းသူများ မဖွယ်မရာကိစ္စရပ်များပေါ်ပေါက်ပါက လိုအပ်သလိုအရေးယူ ခြင်းခံရမည်။ |
၁၁။ | ကျောင်းသား/ကျောင်းသူများ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်ပါက ဆရာ/ဆရာမ၊ မိသားစု ဆရာ/ဆရာမ၊ ဌာနမှူး၊ ကျောင်းအုပ်ကြီးထံသို့ အချိန်မှီဆက်သွယ်တင်ပြရန်။ |
ကာလတိုသင်တန်းများ