နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)ကို ၂၀၀၉ ခုနှစ်၊ မေလ (၅)ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာမြို့၏ အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ မိတ္ထီလာ-တောင်ကြီးကားလမ်းမပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ဖွဲ့စည်းတည်ဆောက်ခဲ့သည့် ခုနှစ်၊ သမိုင်းကြောင်း
၁-၁၂-၁၉၈၆        အစိုးရစက်မှုလက်မှုသိပ္ပံ
၂၅-၁၁-၁၉၉၉      အစိုးရနည်းပညာကောလိပ် (မိတ္ထီလာ)
၂၀-၁-၂၀၀၇         နည်းပညာတက္ကသိုလ် (မိတ္ထီလာ)
၂၀-၁-၂၀၀၇ ကွန်ပျူတာက္ကသိုလ်(မိတ္ထီလာ) ကို လာရောက်ဖွင့်လှစ် ၅-၅-၂၀၀၉       အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) အဖြစ်ဖွင့်လှစ်ခဲ့ပြီး ယခုတွင် ကျောင်းအုပ်ကြီးအဖြစ် ဦးစိန်ကျော်လှိုင် M.E(IT)မှတာ၀န်ယူဆောင်ရွက်လျက်ရှိပါသည်။

ရည်မှန်းချက်

  • လူငယ်လူရွယ်တိုင်း နည်းပညာနှင့်သက်မွေးပညာကို သင်ယူနိုင်ရန် ဖန်တီးပေးပြီး အရည်အချင်းရှိသော နည်းပညာနှင့်သက်မွေးပညာရပ် အတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်
  • လူငယ်လူရွယ်များ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းဝင်ငွေတိုးတက်မှုတို့အတွက် နည်းပညာနှင့်သက်မွေးပညာ၏ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်
  • တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသလိုအပ်ချက်ဖြစ်သော နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ ကာလတိုသင်တန်းများ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးရန်

မျှော်မှန်းချက်

  • ဒေသအတွက်လိုအပ်သော အရည်အချင်းရှိ၍စည်းကမ်းကောင်းမွန်ပြီး ကျွမ်းကျင်လူငယ်နှင့်ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်သောကျောင်းတစ်ကျောင်းဖြစ်လာစေရန်။

စဉ်အမည်ပညာအရည်အချင်းတာဝန်ထမ်းဆောင်ခဲ့သောကာလ
ဦးမျိုးမင်းဦးBE(Mech)၁၆-၅-၂၀၀၉ မှ ၁၆-၅-၂၀၁၈
ဦးဝင်းမင်းဆန်းME(EP)၁၆-၅-၂၀၁၈ မှ ၁-၃-၂၀၂၁
ဒေါက်တာဒေါ်ကျော့ကျော့ရီPh.D(EC)၁၅-၃-၂၀၂၁ မှ ၁၆-၅-၂၀၂၃
ဦးစိန်ကျော်လှိုင်ME(IT)၁၇-၅-၂၀၂၃ မှ ယနေ့အထိ