စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာဌာန
စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်း နည်းပညာသင်တန်း သည် အခြေခံကျသောစက်နှင့်ကိရိယာများကို အသုံးပြု၍ စက်ခုတ်စားခြင်းနှင့် ဂဟေစက်ခြင်းနည်းပညာရပ်များကို သင်ကြားပေးသော သင်တန်းဖြစ်ပါသည်။ အလုပ်ရုံနည်းပညာနှင့် စက်မှုပုံဆွဲအတတ်ပညာများကို စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရန်နှင့် ဂဟေစက်ခြင်းအတွက် ရည်ရွယ်ပါသည်။
GTHS (MT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် (၃)နှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ် တစ်နှစ်ကို စာမေးပွဲကြီး(၂)ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ စက်ပစ္စည်းအစိတ် အပိုင်းများထုတ်လုပ်ခြင်းနည်းပညာဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို (၁)လ ပြုလုပ်ရမည်ဖြစ်ပြီး ဒုတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက် လေ့လာမှုများကို (၂)လပြုလုပ်ရမည်ဖြစ်ပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်
၇။GTE-102 အခြေခံနည်းပညာ
၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ
ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။စာရိတ္တနှင့်ပြည်သူ့နီတိ
၆။MT 201 Engineering Drawing
၇။MT 202 Bench Work
၈။MT 203 Welding Work
တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)
၅။MT 301 Milling Work
၆။MT 302 Gas and Modern Welding
စက်ပစ္စည်းအစိတ်အပိုင်းများထုတ်လုပ်ခြင်းနည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ဆရာမစာရင်း
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်ခင်ချိုဝင်း | ME(Mech) | ကထိက |
၂ | ဒေါ်အိအိဖြိုး | AGTI(Mech) | စက်မှုကျွမ်းကျင်-၁ |
၃ | ဒေါ်နွေးနွေးအောင် | B.E(Mech) | နည်းပြ |