အီလက်ထရောနစ်နည်းပညာဌာန

အီလက်ထရောနစ်နည်းပညာဘာသာရပ်၏ အဓိကရည်ရွယ်ချက်ကတော့ Electronic Devices အကြောင်းတွေ၏ အလုပ်လုပ်ပုံနှင့် Electronic Component တစ်ခုချင်း၏ အသုံးဝင်ပုံကို နားလည်တတ်ကျွမ်းအောင် ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါသည်။ ယနေ့ခေတ်မှာ အိမ်သုံး Electronic Devicesများကို တွင်ကျယ်စွာ အသုံးပြုလာကြသည်ဖြစ်ပါသဖြင့် ၎င်းပစ္စည်းများ၏ circuit တည်ဆောက်ပုံ၊ Component တစ်ခုချင်း၏ အသုံးဝင်ပုံ၊အလုပ်လုပ်ပုံ၊ ကောင်းမကောင်း စမ်းသပ်ပုံတွေကို Electronic နည်းပညာ၏ အခြေခံအုတ်မြစ်တစ်ခုအနေဖြင့် အဓိကထား၍ သင်ကြားပေးမည်ဖြစ်ပါသည်။
GTHS(EcT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် (၃)နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို စာမေးပွဲကြီး(၂)ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းပညာ ဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%)နှင့် စာတွေ့ (၄၀%)ဖြစ်ပါသည်။ စာသင်နှစ် တစ်နှစ်အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို (၁)လ ပြုလုပ်ရမည်ဖြစ်ပြီး ဒုတိယနှစ်ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက်လေ့လာမှုများကို (၂)လပြုလုပ်ရမည်ဖြစ်ပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓါတုဗေဒ

၅။ရူပဗေဒ

၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်

၇။GTE-102 အခြေခံနည်းပညာ

၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ

ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ဓါတုဗေဒ

၅။ရူပဗေဒ

၆။စာရိတ္တနှင့်ပြည်သူ့နီတိ

၇။ECT 201 Electrical and Electronic Principles

၈။ ECT 202 Analogue Electronics

၉။ECT 203 Digital Electronics

တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ

၁။မြန်မာစာ

၂။အင်္ဂလိပ်စာ

၃။သင်္ချာ

၄။ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)

၅။ ECT 301 Computer Application and Programming

၆။ ECT 302 Industrial Electronics

၇။ECT 303 Digital Communication and Networking

 

အီလက်ထရောနစ်နည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ဆရာမစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
ဒေါ်နွဲ့နွဲ့ဝင်းME(EC)တွဲဖက်ပါမောက္ခ
ဒေါ်အေးစန္ဒာမြင့်ME(EC)ကထိက
ဒေါ်ခိုင်ဇာလှိုင်B.E(EC)လ/ထကထိက
ဒေါ်ချစ်ချစ်ဝိုင်းB.E(EC)လ/ထကထိက
ဒေါ်အေးလဲ့လဲ့ဝင်းB.E(EC)လ/ထကထိက
ဒေါ်ဇင်မာမြင့်B.E(EC)နည်းပြ
ဒေါ်ထက်ထက်ဦးAGTI(EC)စက်မှုကျွမ်းကျင်-၃
ဒေါ်သင်းသင်းဖြူAGTI(EC)စက်မှုကျွမ်းကျင်-၄
ဒေါ်ထက်ထက်မျိုးGTHS(EC)စက်မှုကျွမ်းကျင်-၅
၁၀ဒေါ်ကေသွယ်မင်းGTHS(EC)စက်မှုကျွမ်းကျင်-၅