သင်တန်းသားသစ်(ကျောင်းသား၊ကျောင်းသူအသစ်) ခေါ်ယူခြင်း
လျှောက်လွှာများကို (၁၀.၅.၂၀၂၄) မှစတင်ထုတ်ယူနိုင်ပြီး (၁၉.၅.၂၀၂၄)နောက်ဆုံးထား၍ မိမိတက်ရောက်လိုသည့်မြို့နယ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း(GTHS)တို့တွင် ပြန်လည်တင်သွင်းရပါမည်။
( စနေ၊တနင်္ဂနွေ နေ့များအပါအဝင် ကျောင်းသို့ လာရောက်၍ ဝင်ခွင့်လျှောက်လွာများ ထုတ်ယူနိုင်ပါသည်) ကျောင်းဝင်ခွင့်လျှောက်လွှာနှင့်အတူ- ၁။ လိုင်စင်ဓာတ်ပုံ- ၃ ပုံ ၂။ မှတ်ပုံတင်မိတ္တူ ၃။အခြေခံပညာအလယ်တန်းအဆင့်၊ Grade 9 အောင်လက်မှတ်မူရင်း/အောင်ကြောင်းထောက်ခံစာ ၄။ မိဘနှစ်ပါးမှတ်ပုံတင်မိတ္တူ ၅။ အိမ်ထောင်စုဇယားမိတ္တူ၊ ၆။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း ၇။ ရဲစခန်းထောက်ခံချက်မူရင်း၊ ၈။ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်မူရင်း (ပြည်သူ့ဆေးရုံမှထောက်ခံချက်)တို့ပါရှိရပါမည်။