အဆောက်အဦနည်းပညာဌာန

အဆောက်အဦးနည်းပညာဘာသာရပ်၏ အဓိကရည်ရွယ်ချက်မှာ လမ်း(Road)၊ တံတား (Bridge)၊ အဆောက်အဦ (Structure)၊ စက်ရုံ(Indestry)၊ အလုပ်ရုံ(Workshop)စသည်တို့ကို ခေတ်မှီနည်းပညာများဖြင့် တိကျမှန်ကန်မြန်ဆန်စွာ ဖော်ဆောင်ပြီး နိုင်ငံတော်ခေတ်မှီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ ဖြစ်ပါသည်။ အဆောက်အဦနည်းပညာ တိုးတက်ကောင်းမွန်ရေး၊ နိုင်ငံတကာနည်းပညာနှင့်ရင်ဘောင်တန်းနိုင်ရေးတို့အတွက် စာတွေ့၊ လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်မှု အထူးရှိရမှာဖြစ်ပါသည်။ ဒါကြောင့် စာတွေ့အနေနဲ့ အခေါ်အဝေါ် အတွက်အချက်နှင့် လက်တွေ့အနေနဲ့ Surverying(တိုင်းတာခြင်း)၊ Drawing(ပုံဆွဲခြင်း)တို့အပြင် Carpentry (လက်သမားပညာ)နှင့် Masonry(ပန်းရံပညာ)စသည်တို့ကိုပါ အဆောက်အဦနည်းပညာ ဘာသာရပ်မှာ သင်ကြားပေးမှာဖြစ်ပါသည်။
GTHS (BT) Diploma အောင်လက်မှတ်ရရှိဖို့အတွက် (၃)နှစ်ပညာသင်ကြားရမည်ဖြစ်ပြီး စာသင်နှစ် တစ်နှစ်ကို စာမေးပွဲကြီး(၂)ကြိမ် ဖြေဆိုရမည်ဖြစ်ပါသည်။ အဆောက်အဦနည်းပညာ ဘာသာရပ်၏ စာသင်ကြားမှုစနစ်မှာ လက်တွေ့(၆၀%) နှင့် စာတွေ့ (၄၀%) ဖြစ်ပါသည်။ စာသင်နှစ်တစ်နှစ်အပြီးတွင် ပထမနှစ် ကျောင်းသား/သူများမှာ လက်တွေ့ကွင်းဆင်းလေ့လာမှုများကို (၁)လ ပြုလုပ်ရမည်ဖြစ်ပြီး ဒုတိယနှစ် ကျောင်းသား/သူများမှာ လုပ်ငန်းခွင်သွားရောက် လေ့လာမှုများကို (၂)လပြုလုပ်ရမည်ဖြစ်ပါသည်။

ပထမနှစ်အတွက် သင်ကြားပို့ချနေသောဘာသာရပ်များ
၁။ မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ ဓါတုဗေဒ
၅။ ရူပဗေဒ
၆။ GTE-101 အခြေခံပုံဆွဲဘာသာရပ်
၇။ GTE-102 အခြေခံနည်းပညာ
၈။ GTE-103 အခြေခံကွန်ပျူတာသိပ္ပံ

ဒုတိယနှစ်အတွက် သင်ကြားပို့ချနေသောဘာသာရပ်များ
၁။ မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ ဓါတုဗေဒ
၅။ ရူပဗေဒ
၆။ စာရိတ္တနှင့်ပြည်သူ့နီတိ
၇။ BT 201-Basic Civil Drawing
၈။ BT 202-BMC-1
၉။ BT 203-Fundamental Surveying

တတိယနှစ်အတွက် သင်ကြားပို့ချနေသောဘာသာရပ်များ
၁။ မြန်မာစာ
၂။ အင်္ဂလိပ်စာ
၃။ သင်္ချာ
၄။ ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)
၅။ BT 301- Civil Engineering Drawing
၆။ BT 302-Barbending

အဆောက်အဦနည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ဆရာမစာရင်း

စဉ်အမည်ပညာအရည်အချင်းရာထူး
​ဒေါ်အေးအေးမိုးE.GTI(Civil)ကထိက
‌ဒေါ်ဖြိုးဝေAGTI(Civil)စက်မှုကျွမ်းကျင်-၃
ဒေါ်ရွှေရည်မိုးAGTI(Civil)စက်မှုကျွမ်းကျင်-၃
ဦးပြည့်ဖြိုးဝင်းG.T.H.S(BT)စက်မှုကျွမ်းကျင်-၄
ဦးသီဟဇော်G.T.H.S(BT)စက်မှုကျွမ်းကျင်-၅
ဒေါ်ဆုလေးနွယ်G.T.H.S(BT)စက်မှုကျွမ်းကျင်-၅
ဒေါ်ကေခိုင်မျိုးG.T.H.S(BT)စက်မှုကျွမ်းကျင်-၅
ဒေါ်နွယ်နီဦးG.T.H.S(BT)စက်မှုကျွမ်းကျင်-၅