လျှပ်စစ်နည်းပညာဌာန
လျှပ်စစ်ကဏ္ဍတွင် လျှပ်စစ်ထုတ်လွှတ်သည့်အပိုင်း၊ လျှပ်စစ်ပို့ဆောင်သည့်အပိုင်း၊ လျှပ်စစ်ဖြန့်ဖြူးသည့်အပိုင်း နှင့် လျှပ်စစ်သုံးစွဲသည့်အပိုင်းဟူ၍ အပိုင်းကြီး (၄) ပိုင်းရှိပါသည်။
ပထမနှစ်သင်တန်း အထူးပြုဘာသာမရရှိသးသော ကျောင်းသား၊ ကျောင်းသူများအတွက် လျှပ်စစ်နည်းပညာဌာနအနေဖြင့် လျှပ်စစ်တိုင်းတာရေးကိရိယာများ မှန်ကန်စွာတိုင်းတာအသုံးပြုတတ်စေရန်၊ လက်သုံးကိရိယာများ မှန်ကန်စွာသုံးစွဲတတ်စေရန်နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သည့် လျှပ်စစ်မီးပူ၊ လျှပ်စစ်အကြော်အိုး၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်ရေနွေးအိုး တို့၏တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ၊ ပြစ်ချက်ရှာဖွေခြင်းနှင့် ပြင်ဆင်ခြင်း လုပ်ငန်းစဥ်များအား စာတွေ့၊ လက်တွေ့ သင်ကြားပေးလျက်ရှိပါသည်။
ဒုတိယနှစ် လျှပ်စစ်နည်းပညာသင်တန်း အထူးပြုကျောင်းသား၊ ကျောင်းသူများအား သင်ကြားပေးသည့်ဘာသာရပ်များမှာ အခြေခံလျှပ်စစ်ပုံဆွဲ၊ လျှပ်စစ်အင်ဂျင်နီယာအခြေခံနှင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းတို့ဖြစ်သည်။
တတိယနှစ် လျှပ်စစ်နည်းပညာသင်တန်း အထူးပြုကျောင်းသား၊ကျောင်းသူများအား လျှပ်စစ်နှင့်ချိတ်ဆက် အသုံးပြုရသော မော်တာအမျိုးအစားများကို စာတွေ့သင်ကြားစေပြီး လက်တွေ့သင်ကြားမှုအနေဖြင့် မော်တာကွိုင် ပတ်ခြင်း သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် မော်တာများအား Program ရေးဆွဲပြီး Forward/Reverse လည်စေ ခြင်းအစရှိသော ထိန်းချုပ်မောင်းနှင်မှုနှင့် အခြားသောထိန်းချုပ်စေခိုင်းမှုများ ပြုလုပ်တတ်စေရန် Program ရေးဆွဲ တတ်စေသော ဘာသာရပ်ကိုလည်းသင်ကြားပေးလျက်ရှိပါသည်။

ပထမနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။GTE-101 အခြေခံပုံဆွဲဘာသာရပ်
၇။GTE-102 အခြေခံနည်းပညာ
၈။GTE-103 အခြေခံကွန်ပျူတာသိပ္ပံ
ဒုတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ဓါတုဗေဒ
၅။ရူပဗေဒ
၆။စာရိတ္တနှင့်ပြည်သူ့နီတိ
၇။ET 201 Basic Electrical Drawing
၈။ET 202 Electrical Engineering Principal
၉။ET 203 Electrical Installation
တတိယနှစ်အတွက်သင်ကြားပို့ချနေသောဘာသာရပ်များ
၁။မြန်မာစာ
၂။အင်္ဂလိပ်စာ
၃။သင်္ချာ
၄။ရူပဗေဒ+ဓာတုဗေဒ(ရူပဗေဒ-၆၀%+ဓာတုဗေဒ-၄၀%)
၅။ET 302 Industrial Electric Motor Control
၆။ET 303 Electrical Machines
လျှပ်စစ်နည်းပညာဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ဆရာမစာရင်း
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်အေးမြတ်သူ | ME(EP) | ကထိ |
၂ | ဦးအေးမင်းထွန်း | ME(EP) | လ/ထကထိက |
၃ | ဒေါ်ချိုလွင်အေး | BE(EP) | လ/ထကထိက |
၄ | ဒေါ်မေစန္ဒီဦး | BE(EP) | လ/ထကထိက |
၅ | ဒေါ်အိဖြူ | AGTI(EP) | စက်မှုကျွမ်းကျင်-၃ |
၆ | ဒေါ်ရတနာ | AGTI(EP) | စက်မှုကျွမ်းကျင်-၃ |