အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် မိုးရာသီအားကစားပြိုင်ပွဲကို (၅-၈-၂၀၂၄ မှ ၁၂-၈-၂၀၂၄)ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားများအနေဖြင့် ဘောလုံး(ကျား)၊ ခြင်းလုံး(ကျား)၊ ထုပ်ဆီးတိုး(မ)၊ လွန်ဆွဲ(ကျား၊ မ)တို့ ပါဝင်ပါသည်။







