Breaking News

စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပခြင်း

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည့်ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူးမှ ဦးဆောင်၍ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းသား/ကျောင်းသူများမှ ဆွေးနွေးခဲ့ကြပါသည်။ လူငယ်စကားဝိုင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

ဖူဆယ်အားကစားပြိုင်ပွဲကျင်းပခြင်း

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ ဖူဆယ်အားကစားပြိုင်ပွဲများကို ၁၉-၁-၂၀၂၃ ရက်နေ့မှ ၂၆-၁-၂၀၂၃ ရက်နေ့အထိ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)၊ ဖူဆယ်အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပခြင်း

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို (၁၅-၇-၂၀၂၂) ရက်နေ့တွင် မေဂျာပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ စုံလင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပခြင်း

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ) မိသားစု၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို (၁၅-၇-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် ဘာသာရပ်ဆိုင်ရာမိတ်ဆက်ဟောပြောပွဲကျင်းပခြင်း

၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်၊ ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော် စသည့်မြို့များမှ ပထမနှစ်ကျောင်းသား/‌ ကျောင်းသူများအတွက် အထူးပြုသင်ယူမည့် ဘာသာရပ်များအကြောင်း သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ဟောပြောပွဲကို ၉-၆-၂၀၂၂ နံနက် (၁၀)နာရီတွင် ကျောင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

ကထိန်ပွဲများကျင်းပခြင်း

ကျောင်းအုပ်ကြီးမှ ဦးစီး၍ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့်ကျောင်းသားကျောင်းသူများ စုပေါင်း၍ ကထိန်ပွဲကို ပျော်ရွှင်စွာ ကျင်းပခြင်း

ရည်မှန်းချက်၊တာဝန်များနှင့်အနာဂတ်အစီအစဥ်များ

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်ကို ပြုစုပျိုးထောင်ရန်၊ အရည်အသွေးကို အာမခံသော သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ သက်မွေးပညာကို သင်ယူလိုသူတိုင်းအတွက် သင်ယူခွင့် အခွင့်အလမ်းများ ပေးအပ်နိုင်ရန်၊ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များပြုစုပျိုးထောင်ခြင်း၊ ကျွမ်းကျင်သူများ ဖြည့်ဆည်းပေးနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး ဆောင်ရွက်ခြင်း၊ စဥ်ဆက်မပြတ် လေ့လာဆန်းစစ်အကဲဖြတ်ခြင်းများ

နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ) ၁-၁၂-၁၉၈၆ တွင် အစိုးရစက်မှုလက်မှု(သိပ္ပံ)၊မိတ္ထီလာကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အစိုးရနည်းပညာ ကောလိပ်(မိတ္ထီလာ)အဖြစ် ၂၅-၁၁-၁၉၉၉ တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀-၁-၂၀၀၇ တွင် နည်းပညာတက္ကသိုလ် (မိတ္ထီလာ)သို့ အဆင့်မြင့်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။ ၂၀-၁-၂၀၀၇ တွင် ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ထို့နောက် ၅-၅-၂၀၀၉ တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)ကို ဖွင့်လှစ်ခဲ့ပါသည်။           ...

ရည်မှန်းချက်

(က) ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်ကို ပြုစုပျိုးထောင်ရန် (ခ) အရည်အသွေးကို အာမခံသော သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး (ဂ) သက်မွေးပညာကို သင်ယူလိုသူတိုင်းအတွက် သင်ယူခွင့် အခွင့်အလမ်းများ ပေးအပ်နိုင်ရန်